နေ့စဉ်ကုသိုလ်ဝတ်များ



ငယ်စဉ်က စ၍     ကလေးငယ်များ၊ လူငယ် လူရွယ်များသည် ငယ်စဉ်က စ၍ အလေ့ကောင်း အကျင့်ကောင်းတို့ကို ရရှိထားမှသာ အလေ့ဆိုး အကျင့်ဆိုးများ မဝင်လာအောင် တားဆီးနိုင်ပေသည်။ အလေ့ဆိုး အကျင့်ဆိုးများဝင်လာလျှင် လူဆိုးသူဆိုးဖြစ်ဖို့ သေချာပေသည်။

အလိုမလိုက် အပေါင်းမမှား     ငယ်စဉ်က အလေ့ကောင်း အကျင့်ကောင်းတို့ကို ရရှိထားသော ကလေးသည် မျိုးစေ့ကောင်းကို ချမိပြီ ဖြစ်၍ ကြီးလာလျှင်လူကြီး လူကောင်း ဖြစ်ရန် သေချာသလောက် ဖြစ်ပေပြီ။ အရွယ်ရောက်လာသည့်အခါ မိတ်ဆွေဆိုးနှင့် အပေါင်း မှားလျှင် ဖြစ်စေ၊ လူကြီး မိဘများက အချစ်လွန်၍ အလိုလိုက်များလျှင်ဖြစ်စေ လူကြီးလူကောင်း ဖြစ်ဖို့ မသေချာပေ။ ထို့ကြောင့် "သေချာသလောက်" ဟု ဆိုရခြင်း ဖြစ်သည်။

မိဘတို့ တာဝန်     သို့ဖြစ်ရာ ကလေးများ၊ လူငယ် လူရွယ်များ ငယ်စဉ်ကစ၍ အလေ့အကျင့် ကောင်းများရအောင် လူကြီး မိဘတို့က ပြုစု ပျိုးထောင်ပေးဖို့ လိုအပ်သလို ထိုအကျင့်ကောင်းများကို အရွယ်ရောက်လာသည့်အခါ၌ ဆက်လက် ထိန်းသိမ်းသွားနိုင်အောင်၊ မိတ်ဆွေဆိုးနှင့် မပေါင်းမိအောင်၊ အကျိုးယုတ်မည့် ကိစ္စတို့၌ အလို မလိုက်မိအောင် လက်ဦးဆရာဖြစ်သည့် လူကြီး မိဘများက အထူး သတိကြီးကြီး ထားကာ အမြဲတစေ မျက်ခြည်မပြတ် ထိန်းသိမ်း ပဲ့ကိုင်ပေးဖို့ လွန်စွာ လိုအပ်ပေသည်။


ဘာသာတရားများ



နှိုင်းယှဉ်ကြည့်တတ်ရန်     ဤအခန်း၌ ထင်ရှားသော ဘာသာကြီးများ၏ အကြောင်းကို အခြေခံသဘောမျှ အနည်းငယ်စီ ဖော်ပြသင့်သည်ဟု ထင်ပါသည်။ အကြောင်းမှာ ကလေးသူငယ်များ ငယ်စဉ်ကစ၍ ဘာသာ တရား တခုနှင့်တခု နိုင်းယှဉ်လေ့လာပြီးလျှင် ဆင်ခြင်သုံးသပ်သည့် ဉာဏ် ရင့်သန်လာကာ အမှား အမှန်ကို ဝေဖန် ခွဲခြားတတ်စေလိုသောကြောင့် ဖြစ်ပါသည်။



သာမဏေရ ပဗ္ဗဇ္ဇာ


အရှင်ဘုရား၊ အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်သော နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် မျက်မှောက်ပြုပါရခြင်း အကျိုးငှာ တပည့်တော်၏ လက်၌ရှိသော ဤ သင်္ကန်းကို ယူတော်မူ၍ တပည့်တော်ကို သနားစောင့်ရှောက်ချီးမြှောက်သော အားဖြင့် ရှင်သာမဏေ ပြုပေးတော်မူပါ ဘုရား။



ပညာ



ပညာနှစ်မျိုး     အဆိုပါ ပညာသည် (၁) ဝိပဿနာပညာ၊ (၂) မဂ်ဖိုလ်ပညာ ဟု နှစ်ပါးရှိ၏။ ရုပ် နာမ် နှစ်ပါး၏ သဘောမှန်ကို သိသော ပညာသည် ဝိပဿနာပညာ။ အရိယာ သစ္စာလေးပါးကို သိသော ပညာသည် မဂ်ဖိုလ်ပညာဖြစ်၏။


မေတ္တာ ဘာဝနာ


အိပ်လဲချမ်းသာ၊ နိုးချမ်းသာ၊ ကောင်းရာ အိပ်မက်သည်။
လူရော နတ်ပါ၊ ချစ်ခင်တာ၊ စောင့်ရာ နတ်တို့သည်။
လက်နက် ဆိပ်မီး၊ မဖျက်ဆီး၊ အပြီး စိတ်တည်ကြည်။
မျက်နှာကြည်လေ၊ မတွေဝေ၊ အသေ ကောင်းလှသည်။
ဗြဟ္မာ့ဘုံလား၊ ဆယ့်တပါး၊ ကျိုးများ မေတ္တာရည်။

သမာဓိ




ဈာန်နှင့် အပ္ပနာ     အာရုံတခုတည်း၌ စိတ် စုစည်းစူးစိုက်တည်ငြိမ်နေခြင်းကို သမာဓိဟု ခေါ်၏။ ထို စူးစိုက်တည်ငြိမ်မှု အားကောင်းလာလျှင် ဈာန်ဟု ခေါ်၏။ အပ္ပနာ ဟုလည်း ခေါ်ရ၏။

ဓုတင် တစ်ဆယ့်သုံးပါး



အပ္ပစ္ဆတာဂုဏ်     ဤ ဓုတင် အကျင့်တို့ကို စွမ်းနိုင်သမျှ ကျင့်ကြံလျှင် ကိလေသာပါး ကုသိုလ်ပွါး၍ အကျိုးများလှ၏။ သို့သော် မိမိ ဓုတင်ဆောင်သူ ဖြစ်ကြောင်း အများသိအောင် လူတွေ့တိုင်း ပြောပြလျက် ကျင့်လျှင်ကား ဓုတင်္ဂအပ္ပိစ္ဆတာ (ဓုတင်၌ အလို လောဘနည်းခြင်း) ဂုဏ်နှင့် မဟပ်မိတော့ပေ။ ထို့ကြောင့် ဓုတင်ဆောင်သူတိုင်း အောက်ပါမထေရ် နှစ်ပါး၏ ဝတ္ထုကို အမြဲမပြတ် ဆင်ခြင် နှလုံးသွင်းအပ်ပေသည်။

ဓုတင်ကို လျှို့ဝှက်သူ     သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာ) အရှေ့တောင်ပိုင်း စိတ္တလတောင် ၌ ညီနောင် မထေရ် နှစ်ပါး သီတင်းသုံးလျက်နေကြ၏။ တနေ့သော် နောင်တော် မထေရ် ဆွမ်းဘုဉ်းပေးပြီး၍ ပလုတ်ဆေးနေစဉ် ညီတော်မထေရ် ရောက်လာပြီးလျှင် "ကြံပိုင်း ဘုဉ်းပေးပါဦး ဘုရား" ဟုဆိုကာ ကြံပိုင်းကို ဆက်ကပ်၏။ နောင်တော် မထေရ်က အလိုမရှိတော့ကြောင်း မိန့်ကြားသောအခါ "အရှင်ဘုရား ဧကာသနိက်ဓုတင် ဆောက်တည်ပါသလား ဘုရား" ဟု ညီတော်က မေး၏။

ထိုအခါ နောင်တော်က "ကဲ ကြံပိုင်းယူခဲ့ပါ" ဟု ဆိုကာ ကပ်လာသော ကြံပိုင်းကို ဘုဉ်းပေး၏။ နောက်မှ ဓုတင်ကို ပြန်၍ ဆောက်တည်၏။

ကြံပိုင်းကို မဘုဉ်းပေးလျှင် မိမိ ဧကာသနိက်ဓုတင် ဆောက်တည်သည်ကို ညီတော် သိသွားမည်စိုးသဖြင့် နှစ်ပေါင်း ငါးဆယ်ပတ်လုံး ဆောက်တည်လာသော ဓုတင်ကို အပျက်ခံ၍ ကြံပိုင်းကို ဘုဉ်းပေးခြင်း ဖြစ်၏။ အလိုနည်းခြင်း = အပ္ပိစ္ဆတာဂုဏ်နှင့် လွန်စွာ ပြည့်စုံလှသဖြင့် ကြည်ညိုဖွယ် ကောင်းလှပါပေသည်။


သိမှတ်ဖွယ် တရားအစုများ





မြတ်စွာဘုရား ဟောကြား ညွှန်ပြတော်မူသော တရားတော်များကို လိုက်နာကျင့်သုံးခွင့်မရသော အခါသမယကို 'အက္ခဏ' ဟု ခေါ်သည်။ ယင်း အက္ခဏသည် ရှစ်မျိုးရှိ၏။ ယင်း အက္ခဏ ရှစ်မျိုးကိုပင် ရပ်ပြစ် ၈ ပါးဟု ခေါ်ကြ၏။





ကံ = အလုပ်


လောက၌ ဖြစ်ပေါ်သမျှသော အရာများသည် အကြောင်းမရှိပဲ ဖြစ်လာကြသည် မဟုတ်။ သက်ဆိုင်ရာအကြောင်းများကြောင့် ဖြစ်ပေါ်လာသည်ချည်း ဖြစ်ကြ၏။

အကြောင်းကြောင့် ဖြစ်ပေါ်လာသော ထို အကျိုးများသည်လည်း တဖန် အကြောင်း အဖြစ်သို့ ရောက်ပြန်ကာ တခြား အကျိုးတခုကို ဖြစ်ပေါ်စေပြန်သည်။

ဤနည်းဖြင့် လောကကြီးသည် ကြောင်းကျိုးဆက် သဘာဝကြီးမျှသာ ဖြစ်နေတော့၏။

ကြီးပွါးချမ်းသာရေး ဩဝါဒများ


ဗုဒ္ဓမြတ်စွာ၏ ဩဝါဒ အချုပ်

မကောင်းမှု မှန်မမျှ မပြုလုပ်နှင့်။
ကောင်းမှု မှန်သမျှ ပြုလုပ်ပါ။
စိတ်ကို ဖြူစင်အောင်ထားပါ။
  (ဓမ္မပဒ၊ ဗုဒ္ဓဝဂ်)


ဒုစရိုက်နှင့် သုစရိုက်



သတ်မှု ခိုးမှု၊ ကာမေသု၊ သုံးခု ကာယကံ။
မုသားကုန်းတိုက်၊ ရိုင်းမိုက်ကြမ်းညစ်၊ အနှစ် မပါ၊
ပြောဆိုတာ၊ လေးဖြာ ဝစီကံ။
သူ့ပစ္စည်းကို၊ ရလို တွေးကြံ၊ သူပျက်ရန်ကို၊ ဖန်ဖန်
စဉ်းစား၊ အယူမှား၊ သုံးပါး မနောကံ။
ဒုစရိုက်တရား၊ ပြုသူများ၊ လားရ ပါယ်လေးတန်။
ဒုစရိုက် ဆယ်ပါး၊ ရှောင်ကြဉ်ငြား၊ ဆယ်ပါး
သုစရိုက်ကံ။
သုစရိုက်တရား၊ ပြုသူများ၊ လားရ နတ်နိဗ္ဗာန်။


ရှစ်ပါးသီလ စသည်



သတိပြုပါ     တချို့မှာ ကျကျနန ဖီးလိမ်းပြင်ဆင် ခြယ်သလျက် ဥပုသ်စောင့်ရန် လာတတ်ကြသည်။ ထိုသို့ လာမိလျှင် ဥပုသ်ခံယူ ဆောက်တည် ခါနီး၌ မိမိ မျက်နှာမှ အလိမ်းအခြယ်တွေကို ပြောင်စင်အောင် ဆေးကြောသုတ်သင် သန့်စင်သင့်ပါသည်။ "မဆောက်တည်မီက လိမ်းခြယ် ထားခြင်းသည် (ဆောက်တည်ပြီးမှ လိမ်းခြယ်ခြင်း မဟုတ်၍) သီလကို မပျက်စီးစေပါ" ဟူသော အယူအဆသည် ဥပုသ် စောင့်သုံးခြင်း ဟူသော သဘောနှင့်လည်း အံ မဝင်၊ ဘုရားရှင်၏ အလိုတော်နှင့်လည်း ခွင် မကျပါ။

ဥပုသ် စောင့်ထိန်းရန် မိမိ ရည်မှန်း ပိုင်းခြားထားသည့် အချိန်ကာလ အတွင်း၌ ပန်းပန်ခြင်း၊ လိမ်းကျံ ခြယ်သခြင်း စသည် မပြုလုပ်ပါဟု ဆောက်တည်ထားသော သိက္ခာပုဒ်၏ သဘောကိုကပင်လျှင် ဥပုသ် စောင့်ထိန်းနေဆဲ၌ မည်သည့် အလိမ်းအကျံ အခြယ်အသမျှ မရှိရ၊ ရှိနေလျှင်လည်း ဆေးကြောသုတ်သင် ပစ်ရမည် ဟူသော သဘောကို ဖော်ပြလျက် ရှိ၏။


သီလ



ကိုယ်ကျင့် သီလ     ကိုယ် အပြုအမူ အပြစ်ကင်းအောင်၊ နှုတ် အပြောအဆို အပြစ်ကင်းအောင် ကိုယ်နှင့် နှုတ် ( ကာယကံနှင့် ဝစီကံ ) ကို စောင့်စည်း ထိန်းသိမ်းခြင်းကို သီလ ဟု ခေါ်သည်။ သီလ ဆိုသည်မှာ ကိုယ်ကျင့် တရား၊ ကိုယ်ကျင့်တရားနှင့် သီလ အဓိပ္ပါယ် တူသည်။

ကိုယ် အပြုအမူ၊ နှုတ် အပြောအဆို အပြစ်ကင်လျှင် သီလစင်ကြယ်သည်။ ကိုယ်ကျင့် တရား ကောင်းသည်။

ကိုယ် အပြုအမူ၊ နှုတ် အပြောအဆို အပြစ်မကင်းလျှင် သီလ ပျက်စီးသည်။ ကိုယ်ကျင့်တရား ပျက်သည်။



သရဏဂုံ



သရဏဂုံ တည်သူသည် ဗုဒ္ဓဘာသာဝင်၊ ဗုဒ္ဓသာသနာဝင် ဖြစ်သည်။


သံဃ = အရိယာပုဂ္ဂိုလ်အပေါင်း


ဘဂဝတော သာဝက သံဃော  =  ရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏ တပည့်သားမော် အရိယာသံဃာတော်သည်-

၁။  သုပ္ပဋိပန္နော  =  ကိလေသာကင်းကြောင်း ကောင်းစွာ ကျင့်ကြံတော် မူပါပေ၏။

၂။  ဥဇုပ္ပဋိပန္နော  =  သာဌေမာယာ ကင်းစင်ကွာ၍ ဖြောင့်စွာ ကျင့်ကြံတော် မူပါပေ၏။

၃။  ဉာယပ္ပဋိပန္နော  =  နိဗ္ဗာန်အကျိုး မျှော်ကိုး ရည်သန် ကျင့်ကြံတော် မူပါပေ၏။

၄။  သာမိစိပ္ပဋိပန္နော  =  မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ကြောင့် တုပ်ဝပ်ရိုသေ လျော်ကန်အောင် ကျင့်ကြံတော်မူပါပေ၏။

ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ ဧသဘဂဝတော သာဝကသံဃော  =  အစုံလေးပါး သီးခြားရှစ်ဖော် မြတ်ဘုရား၏ တပည့်သားမော် အရိယာသံဃာတော်သည်-

၅။  အာဟုနေယျော  =  အဝေးမှ ဆောင်ယူ ပစ္စည်းကိုမူလည်း ပေးလှူခြင်းငှာ ထိုက်တော်မူပါပေ၏။

၆။  ပါဟုနေယျော  =  ဧည့်သည်ဖို့ရာ ရည်ကာစောင်ထား ပစ္စည်းများပင် စိတ်ထားစင်ဖြူ ပေးလှူခြင်းငှာ ထိုက်တော်မူပါပေ၏။

၇။  ဒက္ခိနေယျော  =   တမလွန်စခန်း ကောင်းဖို့မှန်း၍ လှူဒါန်းခြင်းငှာ ထိုက်တော် မူပါပေ၏။

၈။  အဥ္စလီကရဏီယော  =  ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးခြင်းငှာ ထိုက်တော် မူပါပေ၏။

၉။  အနုတ္တရံ ပုညက္ခေတ္တံ လောကဿ  =  နတ် လူ အများ ကောင်းမှုပွါးဖို့ ကြဲထားပျိုးချ တုမရသည့် ကောင်းလှ လယ်မြေ ယာမြေပမာ ဖြစ်တော်မူပါပေ၏။


ဓမ္မ = တရားတော်


ဤ သဘောတရားများကို ယခု ငါဘုရားတိကျ သေချာစွာ သိရပေပြီ။ ဤ သဘောတရားများကို ရှင်းလင်းပြတ်သား တိကျသေချာစွာ မသိရသေးမီက ' သမ္မာသမ္ဗောဓိဉာဏ်ကို ရပြီ၊ ဘုရားစင်စစ် ဖြစ်ပြီ ' ဟု ငါဝန်မခံခဲ့ပေ။ ယခုအခါ ရှင်းလင်းပီပြင် ကြည်လင် သန့်ရှင်းစွာ သိရပြီ ဖြစ်သောကြောင့်သာ ' သမ္မာသမ္ဗောဓိဉာဏ်ကို ရပြီ၊ ဘုရားစင်စစ် ဖြစ်ပြီ ' ဟု ငါဘုရားဝန်ခံခြင်း ဖြစ်၏။ ငါ့အား ' ငါ၏ ကိလေသာမှ လွတ်မြောက်ခြင်းသည် မပျက်စီးနိုင်တော့ပေ၊ ဤ ဘဝသည် ငါ၏ နောက်ဆုံး ဘဝ ပေတည်း၊ နောက်ထပ် တဖန် ဘဝသစ်ဖြစ်ရန် မရှိတော့ပြီ ' ဟု အသိအမြင် ဆင်ခြင်ဉာဏ်လဲ ဖြစ်ပေါ် လေပြီ။


ဗုဒ္ဓ = မြတ်စွာဘုရား


သင်သည် နောင် လေးသင်္ခချေနှင့် ကမ္ဘာတသိန်း ရှိသောအခါ ဂေါတမ အမည်ဖြင့် သင် ဆုတောင်းသည့်အတိုင်း ဘုရားအဖြစ်သို့ ရောက်လတ္တံ့ 

 " ဘုရား မဖြစ်သမျှ ဤနေရာမှ မထ " ဟု ဓိဋ္ဌာန်တော်မူ၏။ ထိုနေ့ကား - ကဆုန်လပြည့်နေ့တည်း။

ဤသို့လျှင် အရဟံ စသား ဂုဏ်ကိုးပါးနှင့် ထူးခြား ကုံလုံပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။




ရတနာသုံးပါး


ဗုဒ္ဓ ဆိုသည်မှာ အမှန်တရား လေးပါးကို ကိုယ်တော်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်သော အမြတ်ဆုံး ပုဂ္ဂိုလ်ကို ခေါ်သည်။ မြန်မာလို မြတ်စွာဘုရားဟု ခေါ်သည်။

ယုံကြည်၍ လိုက်နာသူ လက်တွေ့ကျင့်ကြံ အားထုတ်သူ တို့ကို ဆင်းရဲမှ လွတ်အောင် ဆောင်တတ်သော (၁)  ဆုံးမဩဝါဒများ၊ (၂)  ကျင့်စဉ်များ၊ (၃)  ကျင့်၍ ရရှိသော  မဂ်ဉာဏ်၊  ဖိုလ်ဉာဏ်  နိဗ္ဗာန် တို့ကို    ဓမ္မ = တရား ဟုခေါ်သည်။

 ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူသည့် အတိုင်း လက်တွေ့ ကျင့်ကြံ အားထုတ်ကြသဖြင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ကို ရကြပြီးသော အရိယာ ရဟန်းတော် အပေါင်းနှင့် ထို အရိယာ ရဟန်းတော်တို့၏ အနွယ်ဝင် ပုထုဇဉ် ရဟန်းတော်များကို သံဃာဟု ခေါ်သည်။