သမာဓိ




ဈာန်နှင့် အပ္ပနာ     အာရုံတခုတည်း၌ စိတ် စုစည်းစူးစိုက်တည်ငြိမ်နေခြင်းကို သမာဓိဟု ခေါ်၏။ ထို စူးစိုက်တည်ငြိမ်မှု အားကောင်းလာလျှင် ဈာန်ဟု ခေါ်၏။ အပ္ပနာ ဟုလည်း ခေါ်ရ၏။



အာရုံကို စူးစူးစိုက်စိုက်ကပ်၍ရှုသော စိတ်သည် ဈာန်စိတ်၊ အာရုံ၌ သက်ဝင်နေ မြုပ်ဝင်နေသော စိတ်သည် အပ္ပနာစိတ်။ ဈာန်နှင့် အပ္ပနာ သဘောအဓိပ္ပာယ် အတူတူပင် ဖြစ်၏။ စိတ်၏ အခြေအနေ တခုတည်းကိုပင် ဝေါဟာရ နှစ်ခုဖြင့် ခေါ်ဝေါ်သုံးနှုန်းကြခြင်း ဖြစ်၏။

ဈာန် ချမ်းသာ     စိတ်သည် အရှုခံအာရုံ၌ အင်အားကောင်းစွာစူးစိုက် တည်ငြိမ်နေ၍ ဈာန် သမာဓိ အခြေအနေသို့ ရောက်သောအခါ စိတ်၏ အညစ်အကြေး ဖြစ်သည့် လောဘ၊ ဒေါသ စသော ကိလေသာ နီဝရဏတို့ ကင်းဝေးစင်ကြယ်နေသဖြင့် စိတ် အစဉ်သည် ကြည်လင်သန့်ရှင်း နေရကား ငြိမ်းအေးချမ်းသာ နေ၏။ ယင်း ချမ်းသာကိုပင် ဈာန်ချမ်းသာ ဟု ခေါ်ကြ၏။

ဈာန် လေးဆင့် ငါးဆင့်     ယင်း ဈာန်ကို စိတ်တည်ငြိမ်မှု အင်အား အကောင်းအညံ့ လိုက််၍ လေးဆင့် တနည်း၊ ငါးဆင့် တနည်း ခွဲခြား သတ်မှတ်ကြ၏။

ယင်း ဈာန်ကို လေးဆင့် ခွဲခြားလျှင်


ပထမဆင့် ဈာန်စိတ်၌ ကြံစည်ခြင်း (= ဝိတက်)၊ ဆင်ခြင် သုံးသပ်ခြင်း (= ဝိစာရ)၊ နှစ်သက် ဝမ်းမြောက်ခြင်း (= ပီတိ)၊ ချမ်းသာခြင်း (= သုခ)၊ အာရုံ တခုတည်း၌ တည်ခြင်း (= ဧကဂ္ဂတာ)၊ ဤသဘော ငါးမျိုး ပါဝင်၏။
ဒုတိယဆင့် ဈာန်စိတ်၌ နှစ်သက်ဝမ်းမြောက်ခြင်း(= ပီတိ)၊ အာရုံတခုတည်း၌ တည်ခြင်း(= ဧကဂ္ဂတာ)၊ ချမ်းသာခြင်း (= သုခ)၊ ဤသဘောသုံးမျိုး ပါဝင်၏။
တတိယဆင့် ဈာန်စိတ်၌ ချမ်းသာခြင်း (= သုခ)၊ တခုတည်း၌ တည်ခြင်း (= ဧကဂ္ဂတာ)၊ ဤ သဘောနှစ်မျိုး ပါဝင်၏။
စတုတ္ထဆင့် ဈာန်စိတ်၌ မဆင်းရဲ မချမ်းသာ ညီမျှစွာ ရှုခြင်း(= ဥပက္ခာ )၊ အာရုံတခုတည်း၌တည်ခြင်း (= ဧကဂ္ဂတာ)၊ ဤသဘော နှစ်မျိုးပါဝင်၏။
ဈာန်ကို ငါးဆင့် ခွဲခြားလျှင်-
ပထမဆင့် ဈာန်စိတ်၌ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ သဘော ၅ မျိုး ပါဝင်၏။
ဒုတိယဆင့် ဈာန်စိတ်၌ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ သဘော ၄ မျိုး ပါဝင်၏။
တတိယဆင့် ဈာန်စိတ်၌ ပီတိ၊ သုခ၊ ဧကဂ္ဂတာ သဘော ၃ မျိုး ပါဝင်၏။
စတုတ္ထဆင့် ဈာန်စိတ်၌ သုခ၊ ဧကဂ္ဂတာ သဘော ၂ မျိုး ပါဝင်၏။
ပဥ္စမဆင့် ဈာန်စိတ်၌ ဥပေက္ခာ၊ ဧကဂ္ဂတာ သဘော ၂ မျိုး ပါဝင်၏။
ဈာန် တဆင့်ထက် တဆင့် စိတ်တည်ငြိမ်မှု ပို၍ ပို၍ အားကောင်းလာကာ အမြင့်ဆုံး အဆင့်သို့ ရောက်သောအခါ စိတ်သည် လွန်စွာ ငြိမ်သက် ငြိမ်းအေး လာတော့၏။ ထိုအခါ အချမ်းသာကြီး ချမ်းသာနေတော့၏။

ဤ ဈာန်ချမ်းသာကို ခံစားနိုင်ရေးအတွက် ဈာန် သမာဓိကို ရရှိရန် အောက်ပါ သမထ ကမ္မဋ္ဌာန်း လေးဆယ်တို့တွင် တပါးပါးကို ပွါးများ အားထုတ်ရ၏။

ကသိုဏ်း ဆယ်ပါး

ပထဝီ ကသိုဏ်း
အာပေါ ကသိုဏ်း
တေဇော ကသိုဏ်း
ဝါယော ကသိုဏ်း
နီလ ကသိုဏ်း
ပီတ ကသိုဏ်း
လောဟိတ ကသိုဏ်း
ဩဒါတ ကသိုဏ်း
အာလောက ကသိုဏ်း
အာကာသ ကသိုဏ်း
အသုဘ ဆယ်ပါး

ဥဒ္ဓုမာတက အသုဘ
ဝိနီလက အသုဘ
ဝိပုဗ္ဗက အသုဘ
ဝိစ​္ဆိဒ္ဒက အသုဘ
ဝိက္ခာယိတက အသုဘ
ဝိက္ခိတ္တက အသုဘ
ဟတဝိက္ခိတ္တက အသုဘ
လောဟိတက အသုဘ
ပုဠုဝက အသုဘ
အဋ္ဌိက အသုဘ
အနုဿတိ ဆယ်ပါး

ဗုဒ္ဓါ နုဿတိ
ဓမ္မာ နုဿတိ
သံဃာ နုဿတိ
သီလာ နုဿတိ
စာဂါ နုဿတိ
ဒေဝတာ နုဿတိ
မရဏာ နုဿတိ
ကာယဂတာ သတိ
အာနာပါနဿတိ
ဥပသမာ နုဿတိ
ဗြဟ္မဝိဟာရ လေးပါး (ဗြဟ္မာစိုရ်တရား လေးပါး)
မေတ္တာ
ကရုဏာ
မုဒိတာ
ဥပေက္ခာ
အာရုပ္ပ လေးပါး
အာကာသာနဥ္စာယတန
ဝိညာဏ်ဥ္စာယတန
အာကိဥ္စညာယတန
နေဝသညာ နာသညာယတန
သညာ တပါး
အာဟာရေပဋိကူလသညာ
ဝ ဝတ္ထာန် တပါး
စတုဓာတု ဝ ဝတ္ထာန်
ဆောင်ပုဒ်

ကသိုဏ်း တဆယ်၊ အသုဆယ်၊ တဆယ်နုဿတိ၊
ဗြဟ္မဝိဟာ၊ လေးပါးသာ၊ လေးဖြာ အာရုပ်ထည့်။
ဧကသညံ၊ ဝ ဝတ္ထာန်၊ ပေါင်းပြန် လေးဆယ်ရှိ။

ဝိပဿနာ၏ အခြေခံ သမာဓိ     ဤ သမထ ကမ္မဋ္ဌာန်း လေးဆယ် အနက် တပါးပါးကို ပွါးများအားထုတ်လျှင် ဈာန်ရခါနီး စိတ်တည်ငြိမ်မှု (= ဥပစာရသမာဓိ) နှင့် ဈာန် သမာဓိ(= အပ္ပနာသမာဓိ) တို့ကို ရ၍ နီဝရဏတရား တို့ကို ပယ်ခွာနိုင်သဖြင့် စိတ် စင်ကြယ်မှု (= စိတ္တဝိသုဒ္ဓိ) ဖြစ်ပေါ်၏။ ဝိပဿနာ ကမ္မဋ္ဌာန်းကို ပွါးများ အားထုတ်လျှင်ကား ရုပ် နာမ် တို့ကို ရှုခိုက် ခဏ၌ စိတ်တည်ငြိမ်မှု (= ခဏိက သမာဓိ) ကို ရ၍ ယင်းခဏိကသမာဓိ အားကောင်းလာသော အခါ စိတ် စင်ကြယ်မှု(= စိတ္တဝိသုဒ္ဓိ) ဖြစ်ပေါ်၏။