နေ့စဉ်ကုသိုလ်ဝတ်များ



ငယ်စဉ်က စ၍     ကလေးငယ်များ၊ လူငယ် လူရွယ်များသည် ငယ်စဉ်က စ၍ အလေ့ကောင်း အကျင့်ကောင်းတို့ကို ရရှိထားမှသာ အလေ့ဆိုး အကျင့်ဆိုးများ မဝင်လာအောင် တားဆီးနိုင်ပေသည်။ အလေ့ဆိုး အကျင့်ဆိုးများဝင်လာလျှင် လူဆိုးသူဆိုးဖြစ်ဖို့ သေချာပေသည်။

အလိုမလိုက် အပေါင်းမမှား     ငယ်စဉ်က အလေ့ကောင်း အကျင့်ကောင်းတို့ကို ရရှိထားသော ကလေးသည် မျိုးစေ့ကောင်းကို ချမိပြီ ဖြစ်၍ ကြီးလာလျှင်လူကြီး လူကောင်း ဖြစ်ရန် သေချာသလောက် ဖြစ်ပေပြီ။ အရွယ်ရောက်လာသည့်အခါ မိတ်ဆွေဆိုးနှင့် အပေါင်း မှားလျှင် ဖြစ်စေ၊ လူကြီး မိဘများက အချစ်လွန်၍ အလိုလိုက်များလျှင်ဖြစ်စေ လူကြီးလူကောင်း ဖြစ်ဖို့ မသေချာပေ။ ထို့ကြောင့် "သေချာသလောက်" ဟု ဆိုရခြင်း ဖြစ်သည်။

မိဘတို့ တာဝန်     သို့ဖြစ်ရာ ကလေးများ၊ လူငယ် လူရွယ်များ ငယ်စဉ်ကစ၍ အလေ့အကျင့် ကောင်းများရအောင် လူကြီး မိဘတို့က ပြုစု ပျိုးထောင်ပေးဖို့ လိုအပ်သလို ထိုအကျင့်ကောင်းများကို အရွယ်ရောက်လာသည့်အခါ၌ ဆက်လက် ထိန်းသိမ်းသွားနိုင်အောင်၊ မိတ်ဆွေဆိုးနှင့် မပေါင်းမိအောင်၊ အကျိုးယုတ်မည့် ကိစ္စတို့၌ အလို မလိုက်မိအောင် လက်ဦးဆရာဖြစ်သည့် လူကြီး မိဘများက အထူး သတိကြီးကြီး ထားကာ အမြဲတစေ မျက်ခြည်မပြတ် ထိန်းသိမ်း ပဲ့ကိုင်ပေးဖို့ လွန်စွာ လိုအပ်ပေသည်။




ကုသိုလ် အလေ့အကျင့်     ယင်းသို့ ပြုစု ပျိုးထောင်ပေးရမည့် အလေ့ အကျင့်ကောင်းများ အနက် စိတ်ဓာတ်ပြုပြင်ရေးနှင့် သက်ဆိုင်သည့် ဘာသာရေးဆိုင်ရာကုသိုလ်ဝတ်များကို နေ့စဉ် အချိန်မှန်မှန် ပြုလုပ်ဆည်းပူးစေခြင်းသည် အရေးပါလှသော အလေ့အကျင့်များတွင် တခု အပါအဝင် ဖြစ်ပေသည်။

ထို့ကြောင့် နေ့စဉ် ရတနာသုံးပါးကို ရှိခိုးခြင်း၊ ဘိုးဘွား မိဘ တို့ကို ရှိခိုးဦးချပြီးမှ အိပ်ခြင်း၊ မြတ်စွာဘုရားအား ပန်းကပ် ဆွမ်းကပ်ခြင်း၊ သတ္တဝါများအား မေတ္တာပို့ခြင်း စသော ကုသိုလ် အလေ့အကျင့်များကို အချိန်များများ မကုန်စေပဲ ပြုလုပ်နိုင်ရန် ရွတ်ကောင်း ရလွယ်၊ တိုကျဉ်း ထိမိ၊ ခံစားမှု ပီတိ အပြည့်ပါသော ဘုရားရှိခိုး၊ ပန်းကပ်၊ ဆီမီးကပ် စသည်တို့ကို အောက်တွင် ဖော်ပြထားပါသည်။

ဘုရားရှိခိုး အကျဉ်း

ကိုယ်တော်တိုင် ကိလေသာခပ်သိမ်း ချုပ်ပြတ်ငြိမ်းလျက် ဒုက္ခ ဇာတ်သိမ်းတော်မူပြီးသည်ဖြစ်၍ သတ္တဝါဝေနေ တပည့်တွေကိုလည်း ကိလေသာငြိမ်းကြောင်း နည်းကောင်းညွှန်ပြ ဆိုဆုံးမ၍ ဒုက္ခအထွေထွေ ငြိမ်းအေးစေတော်မူသော မြတ်စွာဘုရားကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ အရှင်ဘုရား။

တရားရှိခိုး အကျဉ်း

ဆင်းရဲအဖြာဖြာ ငြိမ်းလိုပါ၍ လိုက်နာကြသူ များဗိုလ်လူကို အပူငြိမ်းအေး ဆင်းရဲဘေးမှ ကင်းဝေးလေအောင် နိဗ္ဗာန်သောင်သို့ ပို့ဆောင်ပေတတ် တရားမြတ်ကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။

သံဃာရှိခိုး အကျဉ်း

မြတ်စွာဗုဒ္ဓ ဟောညွှန်ပြ၍ ဆုံးမတိုင်းသာ သုံးသိက္ခာကို ကောင်းစွာလည်းကျင့် ဖြောင့်စွာကျင့်၍ ဖြည့်ကျင့်မှန်စွာ အရိယာဟု ရှစ်ဖြာသန့်စင် ထေရ်အရှင်နှင့် နွယ်ဝင်အရိယာ မြတ်သံဃာကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။

ပန်း ကပ်လှူပူဇော်ရန်

ဘုန်းတော် အနန္တ၊ ဂုဏ်တော် အနန္တ၊ ဉာဏ်တော် အနန္တ၊ တန်ခိုးတော် အနန္တနှင့် ပြည့်စုံတော်မူသော သုံးလောကထွတ်ထား၊ သဗ္ဗညု ရှင်တော်မြတ်ဘုရားအား အဆင်း အနံ သင်းပျံ့လှိုင်ကြွယ် ပန်းသွယ်သွယ်ကို ရင်ဝယ်သိမ့်သိမ့် ပီတိစိမ့်မျှ ချမ်းငြိမ့်ကြည်သာ စေတနာဖြင့် ခေမာမြို့နန်း ရောက်ဖို့မှန်း၍ လှူဒါန်း ဆက်ကပ်ပါ၏ အရှင်ဘုရား။

ဆီမီး ကပ်လှူပူဇော်ရန်

ဘုန်းတော် အနန္တ၊ ဂုဏ်တော် အနန္တ၊ ဉာဏ်တော် အနန္တ၊ တန်ခိုးတော် အနန္တနှင့် ပြည့်စုံတော်မူသော သုံးလောကထွတ်ထား၊ သဗ္ဗညု ရှင်တော်မြတ်ဘုရားအား ဖယောင်းဆီမီး လျှပ်စစ်မီးနှင့် မီးအသွယ်သွယ် ရောင်လျှံခြယ်၍ ရင်ဝယ်သိမ့်သိမ့် ပီတိစိမ့်မျှ ချမ်းငြိမ့်ကြည်သာ စေတနာဖြင့် ခေမာမြို့နန်း ရောက်ဖို့မှန်း၍ လှူဒါန်းဆက်ကပ်ပါ၏ အရှင်ဘုရား။

ရေချမ်း ကပ်လှူပူဇော်ရန်

ဘုန်းတော် အနန္တ၊ ဂုဏ်တော် အနန္တ၊ ဉာဏ်တော် အနန္တ၊ တန်ခိုးတော် အနန္တနှင့် ပြည့်စုံတော်မူသော သုံးလောကထွတ်ထား၊ သဗ္ဗညု ရှင်တော်မြတ်ဘုရားအား အေးမြကြည်လင် မြတ်ရေစင်ကို ကြည်ရွှင်ရင်သိမ့် ပီတိစိမ့်မျှ ချမ်းငြိမ့်ကြည်သာစေတနာဖြင့် ခေမာမြို့နန်း ရောက်ဖို့မှန်း၍ လှူဒါန်းဆက်ကပ်ပါ၏ အရှင်ဘုရား။

သစ်သီး ကပ်လှူပူဇော်ရန်

ဘုန်းတော် အနန္တ၊ ဂုဏ်တော် အနန္တ၊ ဉာဏ်တော် အနန္တ၊ တန်ခိုးတော် အနန္တနှင့် ပြည့်စုံတော်မူသော သုံးလောကထွတ်ထား၊ သဗ္ဗညု ရှင်တော်မြတ်ဘုရားအား အဆင်း အနံ့ အရသာ အဖုံဖုံ ပြည့်စုံပါသော သစ်သီးခဲဖွယ် အသွယ်သွယ်ကို ရင်ဝယ်သိမ့်သိမ့် ပီတိစိမ့်မျှ ချမ်းငြိမ့်ကြည်သာ စေတနာဖြင့် ခေမာမြို့နန်း ရောက်ဖို့မှန်း၍ လှူဒါန်း ဆက်ကပ်ပါ၏ အရှင်ဘုရား။

ဆုတောင်း အမျှဝေ

ဤသို့လျှင် သုံးလောကထွတ်ထား၊ သဗ္ဗညု ရှင်တော်မြတ်ဘုရား၏ ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်နှင့် ဉာဏ်တော် အဖုံဖုံ ကျေးဇူးဂုဏ်ကို ကြည်ယုံမျှော်မှန်း လှူဒါန်းဆက်ကပ်ရသော ဤ ဒါနကောင်းမှု အစုစုကြောင့် တပည့်တော် (တို့) သည် ပညာရှိ သူတော်ကောင်းတို့နှင့်သာ တွေ့ကြုံ ဆုံဆည်း ပေါင်းသင်းဆက်ဆံရ၍ ပညာရှိ သူတော်ကောင်းတို့ ဟောပြောသော တရားမှန် စကားမှန် တို့ကို နာခံ မှတ်သားရသဖြင့် ပညာရှိ သူတော်ကောင်းတို့ ကျင့်ကြံ နေထိုင်ကြသည်အတိုင်း ဆင်းရဲငြိမ်းကြောင်း အကျင့်ကောင်း အကျင့်မှန်တို့ကို ကျင့်ကြံ ပွါးများ ကြိုးစားအားထုတ်နိုင် (ကြ) သဖြင့် ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရာ နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက် ပြုရပါလို (ကုန်) ၏ အရှင်ဘုရား။

ဤကောင်းမှု အစုစု၏ အဖို့ဘာဂကို မိဘ ဘိုးဘွား ဆရာသမားတို့မှ စ၍ အလုံးစုံသော သတ္တဝါတို့အား အမျှ ပေးဝေပါကုန်၏။

အမျှ ရ၍ ချမ်းသာကြပါစေ။
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။

မှတ်ချက်။     ။ တဦးတည်း ကပ်လှူလျှင် လက်သည်းကွင်းအတွင်းရှိ စကားများကို ထည့်မရွတ်ရ။

မေတ္တာပို့ အကျဉ်း


သဗ္ဗေ သတ္တာ = သတ္တဝါမှန်သမျှ
အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု = မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေ။ (မေတ္တာပို့)
ဒုက္ခာ မုစ္စန္တု = ဆင်းရဲခြင်းမှ လွတ်ကင်းကြပါစေ။ (ကရုဏာပို့)
ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု = ရပြီးသား စည်းစိမ် ချမ်းသာမှ မကင်းကွာ မယုတ်လျော့ကြပါစေနှင့်။
(မုဒိတာပို့)
ကမ္မဿကာ = မိမိ၏ ကောင်းမှု မကောင်းမှုသည်သာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား။ (ဥပေက္ခာပွါး)

၅၂၈ သွယ် မေတ္တာပို့အကျယ်
သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု၊ အဗျာပဇ္ဈာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။
သဗ္ဗေ ပါဏာ အဝေရာ ဟောန္တု၊  အဗျာပဇ္ဈာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။
သဗ္ဗေ ဘူတာ အဝေရာ ဟောန္တု၊  အဗျာပဇ္ဈာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။
သဗ္ဗေ ပုဂ္ဂလာ အဝေရာ ဟောန္တု၊  အဗျာပဇ္ဈာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။
သဗ္ဗေ အတ္တဘာဝပရိယာပန္နာ အဝေရာ ဟောန္တု၊  အဗျာပဇ္ဈာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။
(ဤ ၅ ပါးသည် အနောဓိမေတ္တာ)
သဗ္ဗေ ဣတ္ထိယော အဝေရာ ဟောန္တု၊  အဗျာပဇ္ဈာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။
သဗ္ဗေ ပုရိသာ အဝေရာ ဟောန္တု၊  အဗျာပဇ္ဈာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။
သဗ္ဗေ အရိယာ အဝေရာ ဟောန္တု၊  အဗျာပဇ္ဈာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။
သဗ္ဗေ အနရိယာ အဝေရာ ဟောန္တု၊  အဗျာပဇ္ဈာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။
သဗ္ဗေ ဒေဝါ အဝေရာ ဟောန္တု၊  အဗျာပဇ္ဈာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။
သဗ္ဗေ မနုဿာ အဝေရာ ဟောန္တု၊  အဗျာပဇ္ဈာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။
သဗ္ဗေ ဝိနိပါတိကာ အဝေရာ ဟောန္တု၊  အဗျာပဇ္ဈာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။
(ဤ ၇ ပါးကား ဩဓိမေတ္တာ)
သဗ္ဗေ သတ္တာ = သတ္တဝါမှန်သမျှ
အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု = မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေ။


သဗ္ဗေ ပါဏာ = အသက်ရှူ မှန်သမျှ
အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု = မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေ။


သဗ္ဗေ ဘူတာ = ခန္ဓာငါးပါး ထင်ရှားဖြစ်သူ မှန်သမျှ
အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု = မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေ။


သဗ္ဗေ ပုဂ္ဂလာ = ပုဂ္ဂိုလ် မှန်သမျှ
အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု = မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေ။


သဗ္ဗေ အတ္တဘာဝပရိယာပန္နာ = အတ္တဘော၌ အကျုံးဝင်သူ မှန်သမျှ
အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု = မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေ။


သဗ္ဗေ ဣတ္ထိယော = အမျိုးသမီး မှန်သမျှ
အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု = မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေ။


သဗ္ဗေ ပုရိသာ = အမျိုးသား မှန်သမျှ
အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု = မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေ။


သဗ္ဗေ အရိယာ = အရိယာ မှန်သမျှ
အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု = မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေ။


သဗ္ဗေ အနရိယာ = ပုထုဇဉ် မှန်သမျှ
အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု = မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေ။


သဗ္ဗေ ဒေဝါ = နတ် မှန်သမျှ
အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု = မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေ။


သဗ္ဗေ မနုဿာ = လူ မှန်သမျှ
အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု = မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေ။


သဗ္ဗေ ဝိနိပါတိကာ = အပါယ်ဘုံသား မှန်သမျှ
အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု = မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေ။

မေတ္တာ ၁၂ ပါး     ယခု ဖော်ပြခဲ့သည့်အတိုင်း နောဓိမေတ္တာ အပွါးခံ ပုဂ္ဂိုလ် ၅ ယောက်၊ ဩဓိမေတ္တာ အပွါးခံပုဂ္ဂိုလ် ၇ ယောက်၊ ပေါင်း ပုဂ္ဂိုလ် ၁၂ ယောက် ဖြစ်သည်။

မေတ္တာ ၄၈ ပါး     ပွါးပုံ အခြင်းအရာမှာ "အဝေရာဟောန္တု" စသည်ဖြင့် ၄ မျိုး ရှိရာ ပုဂ္ဂိုလ် တမျိုးလျှင် ပွါးပုံ ၄ မျိုး၊ ပုဂ္ဂိုလ် ၁၂ မျိုးတွင် ပွါးပုံ ၄၈ မျိုး ဖြစ်သည်။

မေတ္တာ ၄၈၀     အရပ်မျက်နှာသည် အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အရှေ့တောင်၊ အနောက်တောင်၊ အနောက် မြောက်၊ အရှေ့မြောက်၊ အောက်၊ အထက် အားဖြင့် ၁၀ မျက်နှာ ရှိ၏။ အရပ်မျက်နှာ တခုစီ တခုစီ၌ ဒိသာဖရဏ မေတ္တာ အဖြစ်ဖြင့် အထက်ပါ မေတ္တာ ၄၈ ပါးကို ပွါးလျှင် အရပ် ၁၀ မျက်နှာစေ့အောင် ပွါးမိက ၄၈၀ ဖြစ်သည်။ ပွါးပုံမှာ-

ပုရတ္ထိမာယ ဒိသာယ (အရှေ့ အရပ်၌) သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု၊ အဗျာပဇ္ဈာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။

[ ပါဏာ၊ ဘူတာ စသည် ၁၂ ယောက် စုံအောင်ပွါးပါ ]

ပစ္ဆိမာယ ဒိသာယ (အနောက် အရပ်၌) သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု၊ အဗျာပဇ္ဈာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။ 

 [ ပါဏာ၊ ဘူတာ စသည် ၁၂ ယောက် စုံအောင်ပွါးပါ ]

ဤနည်းအတိုင်း ဒက္ခိဏာယ ဒိသာယ (တောင် အရပ်၌)၊ ဥတ္တရာယ ဒိသာယ (မြောက် အရပ်၌)၊ ပုရတ္တိမာယ အနုဒိသာယ (အရှေ့တောင် အရပ်၌)၊ ဒက္ခိဏာယ အနုဒိသာယ (အနောက် တောင်အရပ်၌)၊ ပစ္ဆိမာယ အနုဒိသာယ (အနောက် မြောက်အရပ်၌)၊ ဥတ္တရာယ အနုဒိသာယ (အရှေ့မြောက် အရပ်၌)၊ ဟေဋ္ဌိမာယ ဒိသာယ (အောက် အရပ်၌)၊ ဥပရိမာယ ဒိသာယ (အထက် အရပ်၌) ဟု အရပ် ၁၀ မျက်နှာလုံး ပွါးရန်ဖြစ်သည်။
[ အရပ်မျက်နှာကို ယခုခေတ် အစဉ်အတိုင်း စဉ်ပါသည်။ ]

၅၂၈သွယ် မေတ္တာ     ဒိသာဖရဏ မေတ္တာအဖြစ် အရပ်ဆယ်မျက်နှာ စေ့အောင် ပွါး၍ရသော ၄၈၀ မေတ္တာ၌ အရပ်မျက်နှာ မသတ်မှတ်ပဲ ပွါး၍ရသော မူလမေတ္တာ ၄၈ ကို ပေါင်းထည့်လျှင် ငါးရာ့နှစ်ဆယ်ရှစ်သွယ် (၅၂၈) မေတ္တာ ဖြစ်၏။

ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ဆရာက ဤနည်းကို အပ္ပနာသမာဓိ ပြည့်စုံပြီးသူသာ ပွါးနိုင်ကြောင်း ဖော်ပြပြီးနောက် အပြည့်အစုံပွါးလျှင် အပ္ပနာ ၅၂၈ ဖြစ်သည်ဟု ဆို၏။

မှတ်ချက်
ပဋိသမ႓ိဒါမဂ်နှင့် ဝိသုဒ္ဓိမဂ် တို့၌ သဗ္ဗေသတ္တာ စသည်ကို အခြင်းအရာဟု လည်းကောင်း၊ အဝေရာ ဟောန္တု စသည်ကို အပ္ပနာ ဟု လည်းကောင်း မိန့်တော်မူကြ၏။ ဤ၌ကား သိလွယ် မှတ်လွယ်စေရန် သဗ္ဗေ သတ္တာ စသည်ကို ပုဂ္ဂိုလ်ဟု လည်းကောင်း၊ အဝေရာ ဟောန္တု စသည်ကို ပွါးပုံ အခြင်းအရာဟု လည်းကောင်း ရေးသား သုံးနှုန်းပါသည်။

ဆောင်ပုဒ်

ဩခွန် နောငါး၊ ပုဂ္ဂိုလ်များ၊ ပေါင်းငြား ဆယ့်နှစ်ပေ။
ခြင်းရာ လေးသွယ်၊ မြှောက်ပွါးဆွယ်၊ လေးဆယ်ရှစ်မျိုးပေ။
ရပ်ဆယ်မျက်နှာ၊ မြှောက်ပြန်ခါ၊ လေးရာ ရှစ်ဆယ်ပေ။
အရပ် မျက်နှာ၊ မပိုင်းတာ၊ ပေါင်းကာ ထည့်လျှင်လေ။
ငါးရာ့ နှစ်ဆယ်၊ ရှစ်စွန်းကယ်၊ အကျယ် မေတ္တာပေ။
ပဋိသမ႓ိဒါမဂ်၊ ကျမ်းမိန့်ချက်၊ လေးနက် မှတ်သားလေ။

ဆုတောင်းအမျှဝေ

ယနေ့ ယခု တပည့်တော်တို့ ပြုစုရသော ဤ (ဒါန၊ သီလ၊ ဘာဝနာ) ကောင်းမှု အစုစုကြောင့် တပည့်တော်တို့သည် ပညာရှိသူတော်ကောင်းတို့နှင့်သာ တွေ့ကြုံဆုံဆည်း ပေါင်းသင်း ဆက်ဆံရ၍ ပညာရှိ သူတော်ကောင်းတို့ ဟောပြောသော တရားမှန် စကားမှန်တို့ကို နာခံမှတ်သားရသဖြင့် ပညာရှိ သူတော်ကောင်းတို့ ကျင့်ကြံ နေထိုင်ကြသည့်အတိုင်း ဆင်းရဲငြိမ်းကြောင်း အကျင့်ကောင်း အကျင့်မှန်တို့ကို ကျင့်ကြံပွါးများ ကြိုးစား အားထုတ်နိုင်ကြသဖြင့် ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရာ နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလိုကုန်၏ အရှင်ဘုရား။

ဤကောင်းမှု အစုစု၏ အဖို့ဘာဂကို မိဘ ဘိုးဘွား ဆရာသမားတို့မှ စ၍ အလုံးစုံသော သတ္တဝါတို့အား အမျှပေးဝေပါကုန်၏။

အမျှရ၍ ချမ်းသာကြပါစေ။

အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။

[ အမျှ တကြိမ်မျှ ဝေလျှင် လုံလောက်ပါပြီ။ ]

သာဓု........သာဓု........သာဓု။

သတ္တဝါမှန်သရွေ့၊ တရားတွေ့၊ ချမ်းမြေ့သာယာ ရှိပါစေ။